စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Saturday, September 26, 2009

စိတ်ကူးယဉ်တတ်သော လင်းငယ်

ဟုတ်ပါ့ လင်းငယ်တို့ကတော့ ကလေးဘ၀ အမေမွေးတည်းက များစိတ်ကူးယဉ် ဆန်တတ်သလားမသိဘူး။ အမြဲတမ်းစိတ်ထဲမှာ အတွေးလေးတွေနဲ့ ဘ၀ကို ဖြတ်သန်းနေတာ။ ငယ်ငယ်တည်းက စိမ်းလန်းတဲ့ မြင်ကွင်းတွေ လှပတဲ့ အပင်လေးတွေ တွေ့လို့ကတော့ တစ်ခါတည်း စိတ်ကူးယဉ်ပါတော့တယ်။ တစ်ခါတစ်လေ စိတ်ကူးယဉ်လိုက်ရင် ပတ်ဝန်းကျင်ကိုများ မေ့သွားတော့ပါရော။ ငယ်ငယ်တုန်းကလည်း ခရီးသွားလို့ကတော့ ဘယ်တော့မှ အိပ်လေ့မရှိဘူး။ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး ပျော်နေတာ။ ဘေးနားက လယ်ကွင်းတွေ မြက်ပင်တွေကို ကြည့်ပြီး စိတ်ကူးယဉ်တာကလား။ ငယ်ငယ်တုန်းက အဖြစ်လေးတစ်ခုရှိတယ်။ ပြောရဦးမယ်...

လင်းငယ် ငယ်ငယ်က မြင်ကွင်းလေးလှလို့ ကြည့်ရင်းနဲ့ ကျူရှင်ကို တစ်ခါက နောက်ကျမှ ရောက်တယ်။ တစ်ခါက မသွားဖြစ်ဘူး။ ပြောရင် အပိုလို့များ ထင်နေကျမလား မသိဘူး။ တကယ်ပါ...

လင်းငယ် ကျူရှင်က မနက်အစောကြီးသွားရတာလေ... ၇ နာရီလောက်ဆို အိမ်ကနေထွက်ရပြီ။ တစ်ခါတော့ ဆောင်းတွင်းကြီး အေးနေတာပေါ့လေ။(ဆောင်းတွင်းဆိုမှတော့ အေးမှာပေါ့ဆိုလည်း ဟုတ်ပါ့ အေးပါတယ်ပေါ့လေ)။ ဒီလိုအေးနေတော့ လင်းငယ် အကြိုက်ပေါ့။ အိမ်ကနေထွက် အပြင်ကို ကြည့်လိုက်တော့ မြူတွေ နှင်းလေးတွေကျနေတာ။ မိုက်မှမိုက်ပေါ့။ မိုးကလည်း မလင်းသေး။ ဆောင်းတွင်းဆိုတော့ သိတဲ့ အတိုင်း မိုးလင်းတာ နောက်ကျတယ်လေ။ ဒီတော့ လင်းငယ်တို့ အပြင်ကိုထွက် တံခါးလေး ပြန်ပိတ်ပြီး လွယ်အိတ်လေး လွယ်ပြီး ကျူရှင်သွားရော။ ကျူရှင်သွားတဲ့ လမ်းက မီးရထားလမ်းလည်း ရောက်ရော။ လင်းငယ်ရဲ့ ဇာတ်လမ်း စပါလေရော။ ဘာတုန်းဆိုတော့ ရထားလမ်းတောက်လျှောက်ကို ကြည့်လိုက်တော့ နှင်းတွေကျနေတာ မီးအရောင်အောက်မှာ လှမှလှရယ်။ လင်းငယ်လည်း ရထားဘူတာမှာ ထိုင်ပြီး ပယ်ပယ်နယ်နယ် နှင်းလေးတွေ ကျတာကို ထိုင်ကြည့်တာ စိတ်ကူးတွေယဉ်ပြီး စိတ်ကူးထဲ နစ်မျောပြီး သွားလိုက်တာ သတိရလို့ ကြည့်လိုက်တော့ ကျူရှင်က ၄၅ မိနစ်နီးပါးလောက် နောက်ကျနေပြီ။ နောက်တစ်ခါလည်း အဲ့ဒီအတိုင်းပဲ။ ဖြစ်သွားတာ သတိမရတော့ပဲ နဲ့ ကျူရှင် အချိန် ၁ နာရီခွဲကို ပြီးသွားတော့မှ သတိရတယ်။ နောက်တော့မှ ဆရာမက အိမ်ကိုလာတိုင်ပါရော။ အမေမေးတော့လည်း အမှန်အတိုင်းပြောတော့ အမေလည်း လင်းငယ်ရဲ့ အကျင့်ကို သိနေတော့ ယုံပါတယ်။ ဒါပေမယ့် အပြစ်ရှိရင် ခံရမယ်ဆိုတဲ့ အတိုင်း လင်းငယ်တို့ ဆော်ပလော် တီးခံရတော့တာပဲ။ သိပ်စိတ်ကူးမယဉ်ကျနဲ့နော်။ လင်းငယ် လိုဖြစ်သွားကြမယ်.. ဟီးဟီး

လင်းငယ်

4 comments:

  1. ဟဲဟဲ အဲတုန်းက မင်းဆော်ပလော်တီးခံရတာ ငါမြင်တယ်နော်
    အငယ်လေး ဟီးဟီး မင်းအသံဗြဲကြီးနဲ့ငိုတာလေ
    ဟဲဟဲ

    ReplyDelete
  2. အရှက်တွေ လာခွဲနေတယ်... ဥက္ကဌကတော့

    ReplyDelete
  3. လင်းငယ်ကတော့လေ.. အရိုက်ခံရတာတောင် နဲသေးတယ်.. ဟွန့် ...

    ReplyDelete
  4. အခုထိ စိတ်ကူးယဉ်နေတုန်းလားလင်းငယ် အဲဒီတုန်းက ဘယ်လိုငိုလဲ သိချင်လိုက်တာ :P

    ReplyDelete