စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Wednesday, September 2, 2009

စီပလပ်စ်.........

ကျောင်းတုန်းက သူငယ်ချင်း နှစ်ကောင်ရှိတယ် တစ်ကောင်က သီဟပိုင်စိုးတဲ့.. နောက်တစ်ကောင်က မင်းထင်အောင်တဲ့.... သူတို့ နှစ်ကောင်က တစ်ကောင်နဲ့ တစ်ကောင် အရမ်းခင်ကြတယ်။ နောက်ပြီး တစ်ကောင်နဲ့ တစ်ကောင်လည်း အခွင့်အရေး ချောင်းပြီး နှက်ဖို့ စောင့်နေကြတယ်။ အဖြစ်အပျက်တွေက တော့ အများကြီးပေါ့။ ကျောင်းထဲမှာ ဟိုကောင်မလေးကို နောက်လိုက် ဒီကောင်မလေးကိုနောက်လိုက် သီဟဆိုတဲ့ ကောင်ကလုပ်ရင် မင်းထင်အောင်ပေါ်ကို အပြစ်ပုံချ။ မင်းထင်အောင်ကလုပ်ရင် သီဟပေါ်ကို ပုံချလိုက်နဲ့ တစ်ကောင်နဲ့ တစ်ကောင် လုပ်ကြံနေကြတာ။ သူတို့ အပြင် ဒီပြင်လူ တစ်ယောက်ယောက်ကို တော့ သွားမကြောလိုက်နဲ့ အသားကုန်တင်းပြီး ကွိုင်ရှာတော့တာပဲ။ မင်းထင်အောင်က စီပလပ်စ်တို့ ဘာတို့ စောက်ရမ်းကြိုက်တယ်။ နောက်ပြီး မင်းထင်အောင်က သူများမုန့်တွေဘာတွေဆို အရမ်းစားချင် သောက်ချင်တယ်။ ဘော်ဒါတွေရဲ့ မုန့်တွေ သူမြင်လို့ကတော့ အသားကုန် ဆွဲတော့တာပဲလေ။ သိပ်ပြီး အစားမက်တဲ့ကောင်ပေါ့။ တစ်ခါတော့ သီဟဆိုတဲ့ကောင်က မုန့်စားဆင်းချိန်ကြီးမှာ အခန်းထဲကို စီပလပ်စ်ဘူးကြီး ကိုင်ပြီးမြောက်ကြွမြောက်ကြွ နဲ့ အခန်းထဲကိုပြန်ဝင်လာတယ်။ မင်းထင်အောင်ကတော့ ချောင်းနေတာပေါ့လေ။ ခဏနေတော့ မင်းထင်အောင်က သီဟနားကို ကပ်ပြီး သားကြီး ငါ့ကို နည်းနည်းလောက်တိုက်ပါလား လို့ကပ်ပြောရော။ ဟိုကောင်ကလည်း ရုပ်တည်ကြီးနဲ့ ဒါမင်းသောက်လို့ မရဘူးကွ ဆိုပြီး စီပလပ်စ်ဘူးကြီးကို ခုံအောက်ထဲမှာ ထည့်ပြီး ကျွန်တော်တို့ နားလာပြီး လေပေါနေတယ်။ ကျွန်တော်တို့ နားကိုသီဟရောက်တော့ ဒီကောင်က မျက်စိမှိတ်ပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေဆိုတဲ့ပုံစံ မျိုးနဲ့ ၀င်ထိုင်ရောဗျာ။ ကျွန်တော်တို့လည်း ဒီကောင်နဲ့ စကားပြောရင်း ဒီကောင်တော့ မင်းထင်အောင်ကို ဘယ်လိုများကျပ်ဦးမလည်းလို့ စောင့်ကြည့်နေတာ။ သိပ်မကြာပါဘူး ခဏလေးပဲ။ မင်းထင်အောင်ဆီက ဆဲဆိုသံတွေထွက်လာပြီး မအေပေးတွေရော နှမပေးတွေရော စုံနေအောင် ဆဲပြီး ဟိုကောင်သီဟဆီလာပြီး ကွိုင်ရော။ ကျွန်တော်တို့က တော့ဘာမှမသိဘူးလေ။ ဒီကောင် တစ်ခုခုထိသွားပြီ ဆိုတာတော့ သိတယ်။ ဘာရယ်တော့ သေချာမသိဘူး။ မင်းထင်အောင်က သီဟကို မင်းရုပ်မာလှချည်လား ဘာညာနဲ့ ဆိုတော့ အံ့သြ သွားတယ်။ ဟ ဘယ်လိုဖြစ်တာလည်းပေါ့လေ။ သီဟကလည်း ရုပ်တည်နဲ့ပဲ မင်းငါ့စီပလပ်စ်ဘူးကို ခိုးသောက်တယ် မဟုတ်လားဆိုတော့။ ဟိုကောင်မျက်နှာကြီး နီပြီး ဘာစီပလပ်စ်လည်း သေးတွေပေါက်ထည့်ထားပြီး ငါ့ကို စောင့်ကျင့်ယုတ်တဲ့ ကောင်ဘာညာနဲ့ ဆွဲထိုးမယ်တွေဘာတွေ ဖြစ်ကုန်ရော။ သီဟကတော့ အေးဆေးနဲ့ မင်းကို ပြောသားပဲ သောက်လို့မရဘူးလို့ ငါဆီးစစ်မလို ဆီးပေါက်ထည့်ထားဆိုလို့ ထည့်ထားတာ ကွဆိုတော့ ဟိုကောင် မင်းထင်အောင် ဒေါသထွက်ရအခက် ဖြစ်ကုန်ရော။ ဒါက ကျွန်တော်သူငယ်ချင်း နှစ်ယောက် ရဲ့ ပေါက်ကရလုပ်ရက်တွေပေါ့။ သူငယ်ချင်းတို့ လည်း စီပလပ်စ်တို့ Red Bull တို့ သောက်မယ်ဆိုသတိထားနော်.. မှားမှစိုးလို့ပါ.....


ကိုလင်း

2 comments:

  1. သူငယ်ချင်းတွေကတော့အမျိုးမျိုးနော်။သူများဆီကဘဲစားချင်ပြီးကိုယ်ကပြန်
်မကျွေးချင်သူ၊ကိုယ်ကဘဲကျွေးချင်သူ၊သူတလှည့်ကိုယ်တလှည့်မျှတသူ။
    ဘာပဲပြောပြောသူများမကျွေးတာစားချင်သူlessonကောင်းကောင်းရသွား
    တာပေါ့နော်။postအသစ်တင်ဖို့ကြိုးစားနေပါတယ်။အားပေးတာကျေးဇူးနော်။
    တောင်အာဖရိက၊လီဆိုသိုနိုင်ငံကပါ။

    ReplyDelete
  2. အငယ်လေးရေ
    စီပလပ်စ် မသောက်ဖူးကွာ
    ဘီယာပဲသောက်တယ်
း)

    ReplyDelete