စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Friday, September 18, 2009

ကောင်းကင်နဲ့ မြေကြီး

လူတစ်ယောက်ရဲ့မွေးဖွားခြင်းအစ
ပထမဆုံးစမြင်ရတာက ကောင်းကင်ပြာ
နှုတ်ခွန်းဆက်သပါတယ် ကောင်းကင်ကြီးဆိုတော့
ကောင်းကင်ကြီးက လူလေး မင်းရောက်လာပြီပေါ့တဲ့....

လူလောကထဲ ရောက် ပြုစရာတွေပြု
လုပ်စရာတွေလုပ် တခါတလေမှာ ရှုပ်စရာတွေရှုပ်
အချိန်တန်လာတော့ မြေကြီးနဲ့
စကားပြောရမဲ့ အလှည့်ရောက်လာတယ်

မြေကြီးကပြောတယ် မင်းငါ့ရဲ့ အထဲမှာ နေရတော့မယ်တဲ့
လူသားတိုင်း တစ်ချိန်မှာ ငါနဲ့တွေ့ရတာပဲတဲ့
မင်းစဉ်းစားတဲ့ မင်းဘာတွေလုပ်ခဲ့ပြီးပြီလည်းတဲ့

စဉ်းစားမိတယ်...
မွေးတည်းက အခုသေခါနီးထိ ဘာတွေလုပ်ခဲ့လည်း
သြော်... စားဝတ်နေရေးကလွဲရင်ဘာမှ မလုပ်ခဲ့ပါလား...
အချိန်တန်လို့ မြေကြီးထဲ သွားရမယ်ဆိုတော့......
နောက်ကျနေပြီ ဘာမှပြင်ဖို့ မလွယ်တော့ပါလား...


စိတ်ထဲပေါက်တာရေးချလိုက်တာနော်. ကဗျာလည်း မဟုတ် ဘာလည်းမဟုတ်ပေါ့... ဒဿန ဆန်ဆန် ဖြစ်နေ မလားပဲ။ ဖတ်သွားလိုက်နော်.....

လင်းငယ်

1 comment:

  1. ဖတ်သွားပါတယ်..တကယ်လဲ စားဝတ်နေရေးအတွက်ပဲလုပ်နေကြရတာနော်..အချိန်တန်လို့ မြေကြီးထဲ သွားရမယ်ရင် ဘာမပါဘူး.. ရေးထားတာလေး ကောင်းပါတယ်...တစ်ကွ.....ဟီး..

    ReplyDelete