စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Sunday, September 13, 2009

မယုံကြည်၍တော့ မဟုတ်ပါ......


ကျွန်တော့်ရဲ့ မေးလ်ထဲကို ၀င်လာတဲ့ သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ စာရွက်လေးပါ။ သာမညတောင် ဆရာတော် ဘုရားကြီး၏ အိမ်မက်စာလွှာတဲ့။ စာထဲမှာပါတဲ့ အကြောင်းအရာတွေကို ကျွန်တော်ဖတ်ကြည့်ပါတယ်။ တချို့နေရာတွေကို ကျွန်တော့်ရဲ့ စိတ်ထဲမှာ ကျေနပ်မိဘူး။ မကျေနပ်ဘူးဆိုတာ ဘယ်သူ့ကိုမှ မဟုတ်ပါဘူး။ ကျွန်တော်လည်း ဆရာတော်ကို ကြည်ညိုတဲ့လူတစ်ယောက်ပါ။ အခု သူတို့ ရဲ့ဒီစာရွက်ထဲမှာပါတဲ့ အကြောင်းအရာတချို့က ဒီစာရွက်ကို မဝေတဲ့လူတွေ ဒုက္ခရောက်တယ်။ ဝေတဲ့လူတွေ ကံကောင်းတယ်တဲ့။ ဘုရားရှင်ဟောထားတဲ့ အတိုင်းဆို အကြောင်းကြောင့်သာလျှင် အကျိုးဖြစ်တယ်။ အဲ့ဒါကို နားလည်ထားရင် ဒီကိစ္စက အရှင်းကြီးပါ။ နောက်ပြီး သာမညဆရာတော် ဘုရားလို ဆရာတော် တပါးရဲ့ အိမ်မက်စာလွှာကို မဝေမိတာပဲ ဖြစ်ဖြစ် ဝေမိတာပဲ ဖြစ်ဖြစ် အဓိကက စိတ်ထဲမှာ ကြည်ညိုနေဖို့ပါပဲ။ ဆရာတော် ဘုရားလို သူတော်ကောင်း တစ်ယောက်ဟာ လူတွေ ဒုက္ခရောက်အောင်လုပ်လိမ့်မယ် မဟုတ်ဟု ကျွန်တော် ယုံကြည်တယ်။ လူတစ်ချို့ မဝေမိလို့ ဒုက္ခရောက်တယ်ဆိုတာ သူ့အကြောင်းနဲ့ သူရှိပါလိမ့်မယ်။ ဒီစာရွက်ဝေတာ မဝေတာနဲ့ မဆိုင်နိုင်ပါဘူး။ ဒီလို စာရွက်မျိုးကို အခုလိုမျိုး ခြောက်သလိုလို လှန့်သလိုလို ရေးပြီး ပို့တဲ့လူလည်း မလုပ်သင့်ပါဘူး။ လူတွေယုံကြည်ရင် ဝေပါလိမ့်မယ်။ အခုလိုမျိုးမဝေရင် ဘာဖြစ်တယ် ဝေရင်ဘာဖြစ်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကကျွန်တော် (လင်း)ရဲ့ ခံယူချက် သက်သက်သာ ဖြစ်ပါတယ်။ အားလုံး ကွန်းမန့်ပေးပြီး ထင်မြင်ချက်လေးတွေပေးပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အကြောင်းနဲ့ အကျိုးလောက်မှ မသိရင် တော်တော် ဆိုးဝါးပါတယ်။ ကျွန်တော် လည်း အရမ်းအသိကြီးမဟုတ်ပါ။ သိသလောက်နဲ့ ထက်သိဖို့ ကျိုးစားနေတာပါ။ အားလုံး ကို ကျေးဇူးတင်စွာဖြင့်....

လင်းငယ်

6 comments:

  1. ကျွန်မလည်းရွှေပေလွှာတွေကိုအယုံအကြည်မရှိပါ။
    ကံကံ၏အကျိုးကိုသာယုံကြည်ပါတယ်။

    ReplyDelete
  2. သေချာတယ်အငယ်လေးရ
    ရေးတဲ့ သူက လိုနေတာပါကွာ
    တခါတခါလူတွေဟာခက်တယ်ကွ
    မလွယ်ဖူး

    ReplyDelete
  3. လင်းရေ...
    အမကတော့ အဲ့လို ဖော်ဝပ်မေးလ်မျိုးတွေဆို ဘယ်တော့မှ ဖော်ဝပ်မလုပ်ဘူး...
    ခုလို မေးလ်ထဲမှာ attachပါတဲ့ သက်မဲ့အရာဝတ္ထုတစ်ခုက သက်ရှိလူသားတစ်ယောက်ရဲ့ အနာဂတ်ကို ခြယ်လှယ်နိုင်တယ်ဆိုတာ လုံးဝကို အဓိပ္ပါယ်မရှိပါဘူး...

    ReplyDelete
  4. ဟုတ်ကဲ့ ကျွန်တော်လည်း ဘယ်တော့မှမလုပ်ပါဘူး ဖော်ဝပ်ကို...

    ReplyDelete
  5. နယ်သူ့ဆီလည်း ဒီနေ့ပဲ အဲဒီမေးလ်ရောက်လာတယ်..
    မယုံဘူးလို့လည်းမဟုတ်ပါဘူး...ယုံတယ်လည်းမဟုတ်ဘူး..
    အဲလိုမျိုး ဝေရင်ဘာဖြစ်မယ်..မဝေရင်ဘယ်လိုဖြစ်မယ်ဆိုတာမျိုးက
    စိတ်ကသိကအောက်ဖြစ်အောင်လုပ်နေတယ်...
    ဒါပေမယ့်..နယ်သူဝေလိုက်ပါတယ်.. အချိန်တွေပိုနေလို့..
    ဒီလိုဘလော့မှာတင်ပေးထားတာကိုကျေးဇူးတင်ပါတယ်...

    ReplyDelete
  6. လင်းငယ်ရေ..
    မေးလ်တွေမဟုတ်ခင်ကလဲ စာတိုက်ကနေ စာတွေနဲ့ရေးပြီးဝေကြတယ် ..တစ်ခါ အဲဒီကနေ နောက်ပိုင်းလူတွေက မရေးနိုင်ကြတော့တဲ့အခါ မိတ္တူကူးပြီးဝေကြပြန်တယ် ..တဆင့်တဆင့်နဲ့ ပြန့်ပွားလာကြတာ ..လင်းကတော့ ပထမဆုံးစပြီး စိတ်ကူးရတဲ့ ရွှေဉာဏ်ရှင်ကိုပဲ စဉ်းစားလို့ မရဘူး .. ဘယ်လိုရည်ရွယ်ချက်နဲ့လဲ ဆိုတာနားမလည်နိုင်ဘူး ..တကယ်စဉ်းစားကြည့်ရင်တော့ သူလဲ အကျိုးမရှိ ကိုယ်လဲအကျိုးမရှိ နှစ်ဦးနှစ်ဘက် အကျိုးမရှိတဲ့ (ဘုရားမကြိုက်တဲ့) အလုပ်ကို လုပ်တာလို့ယူဆတယ် ..အဲဒါကို လူတွေကလဲ လိုက်လုပ်ကြတယ် ဘာဖြစ်မယ် ညာဖြစ်မယ်ပါတော့ ကြောက်တယ်လေ ..အဓိကတော့ အဲဒီလူတွေရဲ့ ရင်ထဲမှာ ထေရ၀ါဒဗုဒွဘာသာရဲ့ အနှစ်သာရကို သေချာမသိကြလို့လေ ..ခုတော့ ထေရ၀ါဒပြန့်ပွားအောင် သာသနာပြုနေကြတဲ့ ဆရာတော်တွေ တော်တော်ပေါ်ထွက်လာကြတော့ တဖြည်းဖြည်းနဲ့ နားလည်လာကြမယ်..သဘောပေါက်လာကြမယ်ဆိုရင် ဒီလို ကိစ္စတွေ နဲပါးလာမလား မျှော်လင့်ရတာပဲ ..

    ReplyDelete