စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, October 7, 2009

အိုလူမိုက်

ခပ်ပုံကတော့ လက်ကုန်လို့ပဲပြောရမလား?
လမ်းဆုံမှာ ကမ်းကုန်အောင် မိုက်နေတဲ့ အိုလူမိုက်
ငွေလေးတစ်ပဲ နှစ်ပြား
ချမ်းသာရုံအတွက် မင်းရဲ့လက်ရှိဘ၀ကို မိုက်မဲမလို့လား?
ငွေဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးတဲ့
မင်းကြားဘူးမှာပေါ့…..

မင်းရဲ့လက်ရှိဘ၀ အခုတော့ မတရားမှုကြောင့်
အခုချမ်းသာနေပြီလေ…
ဒါပေမယ့် တွေးကြည့် တစ်ရက်လောက်များ တောင်
မင်းစိတ်ချမ်းသာခဲ့ရလား?

လူဆိုတာ ထမင်းနပ်မှန်ရင်
ဘ၀ကို ရောင့်ရဲနိုင်တာ အကောင်းဆုံးပေါ့…
မင်းရဲ့ အရင်တုန်းက ထမင်းနပ်မှန်တဲ့ဘ၀က
မင်းရွှေတွေငွေတွေ မရှိပေမယ့်
စာရိတ္တနဲ့ စိတ်ချမ်းသာမှုတွေ မင်းကြွယ်ဝခဲ့တယ်….

ခုတော့လည်း ရွှေငွေတွေကြွယ်ဝလို့
ပျော်ရွှင်ခြင်းကို ရှာမတွေ့တော့ လို့ ငြီးတွားမနေနဲ့တော့…
မင်းမသိလို့ပါ… မင်းရဲ့ စည်းစိမ်တွေက မင်းကိုလှောင်နေလေရဲ့
မင်းက မင်းပိုင်တယ်ထင်ပေမယ့် မင်းသေရင် သူတို့ဟာ
ဒီပြင်လူရဲ့ လက်ထဲရောက်သွားမှာပါတဲ့….
မသိတတ်တဲ့ ငမိုက်သားတော့ မတရားမှုနဲ့ ပျော်နေလေရဲ့တဲ့…

သိတက်ရင်တော့ ကြည့်ကျပ်သာနေတော့ပေါ့
မဟုတ်ရင်တော့ လမ်းဆုံးမှာ ငရဲက တဟဲဟဲနဲ့
ပါးစပ်ဖြဲလို့ မင်းအတွက်စောင့်နေမှာ ……(အိုလူမိုက်)

Friday, October 2, 2009

အလွမ်းငှက်

ချစ်သူ အလွမ်းများစွာနဲ့
လွမ်းပြီးရင်းလွမ်းလို့
ကိုယ့်ရဲ့ အသိုက်အမြုံကနေ
ပျံဖို့အင်အားတောင် မရှိပါဘူး။

လေပြေညှင်းနဲ့ ပါလာတဲ့
မင်းရဲ့ အသံသဲ့သဲ့လေးတွေကို
ကြားယောင်မိနေသလိုပါပဲ။

မင်းဘယ်ကိုရောက်နေလည်း
စာမျက်နှာ တစ်ဆယ့်ငါးကို
အခါခါဆိုညဉ်းလို့
ငါ့ရဲ့ အိပ်ပျက်ညတွေလည်း
များခဲ့ပြီလေ။

အလွမ်းဆိုတဲ့ သစ်ပင်
အလွမ်းဆိုတဲ့ ကောင်းကင်
အလွမ်းဆိုတဲ့ လေပြေ
အားလုံးနဲ့ အတူ
အလွမ်းငှက်ဆိုတဲ့ ကိုယ်တစ်ယောက်
သခင့်လက်တွင်း သက်ဆင်းဖို့
စောင့်မျှော်လို့ ပေါ့......

လင်းငယ်

Thursday, October 1, 2009

ပန်းခေတ်ကလမင်းနဲ့ တခါတရံများ

လင်းငယ် ပျင်းပျင်းရှိတာနဲ့ အွန်လိုင်းကနေ စာအုပ်တွေ ဒေါင်းပြီးတော့ ဟိုအရင်ကဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ပြန်ဖတ်မိနေလေရဲ့။ ဒီရက်ပိုင်းအတွင်းမှာပေါ့။ အဲ့ဒီဖတ်သမျှစာအုပ်တွေထဲမှာ တာရာမင်းဝေရဲ့ ပန်းခေတ်က လမင်းဆိုတဲ့ ၀တ္ထုနဲ့ ဝေမှုးသွင်ရဲ့ တခါတရံများစာအုပ်ကိုဖတ်ပြီး တော်တော်လေးကို စိတ်ထဲမှာ ကြိုက်သွားမိတယ်။ ဖတ်နေတဲ့ အခိုက်အတန့်လေးမှာလည်း ၀မ်းနည်းမှုရသပါတဲ့ နေရာဝမ်းနည်းမှု၊ ပျော်ရွှင်တဲ့ ရသပါတဲ့နေရာမှ ပျော်ရွှင်မှုစသည်ဖြင့် ခံစားချက်တွေ အပြည့်အ၀ပေးနိုင်တဲ့ စာအုပ်လေးနှစ်အုပ်ပါပဲ။ အဲ့ဒီထဲကမှ ဆရာတာရာမင်းဝေရဲ့ ပန်းခေတ်ကလမင်းဆိုတဲ့ စာအုပ်မှာပါတဲ့ ကဗျာလေးတစ်ပုဒ်ကို အရမ်းကြိုက်သွားမိတယ်။ ဒါနဲ့ ဒီပို့စ်လေးမှာ တင်ချင်စိတ်တွေပေါ်လာပါရော။ တချိုလည်းသိပြီး ဖြစ်ပါလိမ့်မယ်။ တချို့လည်း အမှတ်တမဲ့နဲ့ ကျော်ဖတ်သွားမိတာရှိလိမ့်မယ်။ တချို့လည်း လုံးဝမဖတ်ရသေးတာ ဖြစ်ချင်ဖြစ်လိမ့် မယ်။ ဒါနဲ့ပဲ အဲ့ဒီကဗျာလေးကို တင်းပေးလိုက်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်သော ဆရာတာရာမင်းဝေအားအမှတ်တရအနေနဲ့ပေါ့။

ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ။

ဟိုးမှာ ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေဒူးထောက်လဲကျနေတဲ့သူ
သူ့ကိုကူပါရစေဦး

ငါ့ရှင်တို့ကဘာလဲ
ငါကဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်။
တစ်နေ့တော့ တွေ့ကြမယ်။

နှစ်ဖက်သွား ဓားတစ်လက်လို
ပြိုးပျက်လင်းဖိတ်
သုညဂူမှာလည်း ငါမှေးအိပ်ခဲ့ပြီးပြီ။

အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းနှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ်။

ချစ်သူကလေးရေ
မြို့တခါးကိုဖွင့်
မီးအိမ်တို့နှင့်အတူကြိုပါ

လရောင်စက်တဝေေ၀နဲ့
သင့်ရဲ့နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ ကြယ်ကို
ခူးယူလာမှာပေါ့ကွယ်။

ကြိုက်ကြမယ်လို့ မျှော်လင့်စွာဖြင့်

လင်းငယ်


Tuesday, August 25, 2009

ဆန္ဒလေးများ

မတွေ့မမြင်တာကြာတော.
သတိရမိတယ်..
နူးညံ့တဲ့အသံလေးကိုလည်း
တိတ်တခိုးလွမ်းမိတယ်..
ရက်စက်တဲ့စကားလုံးတိုင်းကိုလည်း
မှတ်မိနေတယ်..
ပတ်သတ်ခဲ့တဲ့အရိပ်လေးတွေကိုလည်း
ပြန်ကောက်ချင်သေးတယ်..
လေးဖြူရဲ့ သံယောဇဉ်တေးကိုလည်း
အမြဲဆိုချင်နေတယ်..
ရေးထားတဲ့စာလွှာလေးတွေကိုလည်း
သူဖတ်မိစေချင်တယ်...
သူရှိနေတဲ. နေရာကိုလည်း
သွားချင်နေမိတယ်...
ဒါပေမယ်.
ဖြစ်ချင်တာဖြစ်ခွင့်မရခဲ့တဲ့
နှလုံးသားကျိန်စာကြောင့်
အလွမ်းတေးပဲ ညည်းနေမိတော့တယ်.............
****************


ရေးသူကတော့ သွယ်သွယ်ဦးသာပါခင်ဗျာ..... ရေခဲနန်းတော်ဆိုတဲ့ ၀က်ပေ့ရ် တခုကနေရတာပါ.. ကြိုက်လို့ တင်လိုက်ပါတယ်... အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်....