စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Monday, October 26, 2009

မသိမှားလား သိမှားလား

လောကမှာ လူတွေဟာ အမှားများစွာပြုတတ်ပါတယ်။ တချို့လည်း အမှားမှန်း သိနေပါလျက်နဲ့ လုပ်နေကြသလို တချို့ကတော့ အမှားမှန်းမသိပဲ နဲ့ ပြုလုပ်မိသွားပါတယ်။ ဥပမာ အကုသိုလ်ပေါ့။ လူတိုင်းငယ်ငယ်က အကောင်ငယ်လေးတွေ သတ်တယ်။ လူကြီးတွေကတော့ ကလေးပဲ မသိလို့ သတ်တာ အပြစ်မရှိပါဘူး လို့အလွယ်တကူပြော တတ်တယ်။ ဒါက ကလေးတွေကို အဲ့ဒီလို အကောင်လေးတွေ သတ်ဖို့တွန်းအား ပေးနေသလိုဖြစ်နေတာ သတိမထားမိလို့ပါ။ ကျွန်တော်ငယ်ငယ်က သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် သူကပြောတတ်တယ် ခြင်တွေကို သတ်တာ ငရဲမကြီးဘူးတဲ့ ဘာလို့လည်း ဆိုတော့ ခြင်မှာ နားရွက်မပါလို့တဲ့။ နားရွက်မပါတဲ့ သတ္တ၀ါကို သတ်ရင် ငရဲမကြီးဘူးတဲ့။ ဘယ်ကနေသူသိလာတဲ့ အလွဲကြီးလဲတော့ မသိဘူးနော်။ လောကမှာ သူများ အသတ်သတ်ခြင်းက မသိလို့ သတ်တာဖြစ်ဖြစ် သိလို့ သတ်တာဖြစ်ဖြစ် အကုသိုလ်ဖြစ်ပါတယ်။ အခြေအနေတစ်ခု အနေနဲ့ကတော့ မဖြစ်ပါဘူး။ အဲ့ဒါကဘာလည်း ဆိုတော့ သူတစ်ပါးကို သေစေလိုသည့် ဆန္ဒမပါရင် အကုသိုလ်မဖြစ်ပါဘူး။ ငရဲလည်း မကြီးဘူးပေါ့ဗျာ။ အခြားတစ်ဖက် အနေနဲ့ကတော့ သေစေလိုသည့် ဆန္ဒပါရင်တော့ အကုသိုလ်ဖြစ်သွားတာပေါ့။ အသက်အရွယ်နဲ့ အကုသိုလ်ဖြစ်မှု မဖြစ်မှုက လုံးလုံး မသတ်ဆိုင်ပါ။

ဒီနေရာမှာ ကျွန်တော် သိတဲ့ အကြောင်းလေး နည်းနည်းပြောပြမယ်နော်။ ဘုရားလက်ထက်က မုဆိုးကြီး တစ်ယောက်ရှိသတဲ့။( ဘုရားလက်ထက်ကလို့ ထင်တာပဲ)။ အဲ့ဒီမုဆိုးကြီးဆီမှာ မိန်းမရှိတယ်တဲ့။ အဲ့ဒီမုဆိုးကြီးရဲ့ မိန်းမက မုဆိုးကြီး တောလိုက်ထွက်တော့မယ်ဆို ဇနီးမယားတို့ရဲ့ ၀တ္တရား အရ လက်နက်တွေ ယူပေးတာတွေ ဘာတွေလုပ်ပေးတာပေါ့လေ။ အဲ့ဒီ မုဆိုးကြီးဇနီးဟာ သောတာပန်ဖြစ်နေသူတဲ့။ တစ်နေ့တော့ ရဟန်းတွေကော လူတွေကကောပေါ့လေ မုဆိုးကြီးဇနီးဟာ သောတာပန် ဖြစ်ပါလျက်နဲ့ ဘာကြောင့် သူများအသတ်သတ်ဖို့ကို ပြင်ဆင်ပေးရတာလည်းပေါ့။ ဒီလိုမျိုးတွေ ပြောနေကြတယ်တဲ့။ ဒီအခါမှာ မုဆိုးရဲ့ ဇနီးက သူဟာ မုဆိုးကြီးကို ပစ္စည်းတွေပြင်ဆင်ပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီဟာတွေလုပ်ပေးတာဟာ ဇနီးမယားတစ်ယောက်ရဲ့ ကျင့်ဝတ်အရ ပြုလုပ်ပေးခြင်းသာဖြစ်ပါတယ်။ ဒီဟာတွေ ကိုပြုလုပ်ပေးနေတဲ့ အချိန်မှာလည်း သတ္တ၀ါတွေ သေပါစေဆိုတဲ့စိတ် မရှိပါဘူးတဲ့ အားလုံးကျန်းမာချမ်းသာ ပါစေလို့ စေတနာပွားနေခဲ့ပါတယ်တဲ့။ ဒီကိစ္စမှာဆို လုပ်တော့ လုပ်ပေးတယ် စေတနာက သေစေချင်တဲ့ စေတနာမဟုတ်တဲ့ အတွက် အကုသိုလ်မဖြစ်ပါဘူး။ သောတာပန်ဆိုတဲ့ အတွက်လည်း ငါပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ မြဲနေပြီမဟုတ်လား။ ဒီတော့ သူအတွက် အပြစ်ပြုလုပ်ခြင်းဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သောတာပန်ဟာ ဘုရားပေါ်မှာ အကြွင်းမဲ့ ယုံကြည်ခြင်းနဲ့ ငါးပါးသီလကို ခိုင်မြဲသွားပြီဖြစ်လို့ပါပဲ။ ဒါကျတော့ သိလျက်နဲ့ မမှားတော့တာပေါ့။ တချို့ကတော့ သိလျက်နဲ့ မှားနေတာတွေ ရှိရဲ့။ တချို့ဆို အကုသိုလ်အလုပ်မှန်းသိပါလျက်နဲ့ ဘုရားလှူတဲ့ ပစ္စည်းတွေခိုးလို့ တစ်မျိုး ဘုရားကပ်တဲ့ ပစ္စည်း ဘုရားမကပ်ပဲ သူတို့တွေ ယူစားတာမျိုးပေါ့လေ။ ဥပမာ ဂေါပက လူကြီးတွေပေါ့လေ။ သူတို့ဟာ သိပါလျက်နဲ့ မှားနေကြသူတွေပေါ့။

ကဲပါ ဘာရယ်မဟုတ်ဘူး။ စိတ်ထဲမှာ ရေးချင်တာလေးတွေ ချရေးပေးလိုက်တာနော်။ အားလုံးလည်း မသိမှားလည်း မဖြစ် သိမှားလည်း မဖြစ်ပဲ သိလျက်နဲ့ မမှားတဲ့ လူတွေဖြစ်အောင်ပေါ့။ နေ့တိုင်း ငါးပါးသီလလေး စောင့်တည်ပြီး နေကြည့်ကြပေါ့။ (ကျွန်တော်တော့ အခုထိ ငါးပါးသီလမှာ တစ်ခုမဟုတ် တစ်ခုတော့ ချိုးဖျက်မိနေတုန်း။ ပုထုဇဉ်ဆိုတော့လည်း မလွယ်ဘူးပေါ့လေ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ လုံအောင် စောင့်တည်ပါတယ်)။ အားလုံးပဲ ပျော်ရွှင်ပါစေ။

လင်းငယ်

3 comments:

  1. အမလဲငါးပါးသီလမမြဲဘူး။အိမ်မှာပိုးဟတ်တွေသောင်းကြမ်းလို့
    ဆေးဖြန်းရတယ်လေ။အကုသိုလ်အလုပ်မှန်းသိပေမဲ့အဲလိုမဖြန်း
်ရင်အိပ်နေတုံးကိုယ်ပေါ်တက်၊နားထဲဝင်နဲ့ဒုက္ခများရတယ်။

    ReplyDelete
  2. နေ့အိပ်မက်က မုသာဝါဒကလွဲရင် အကုန်လုံတယ်..(အဲဒါလည်း သူများအကျိုးထိခိုက်အောင် မဟုတ်ပါဘူး။ ကိုယ့်အကြောင်းမဖြေချင်တာတွေလာမေးရင် လိမ်တာ) ပါဏာတိပါတကတော့ ငါးတန်းလောက်ကတည်းကလုံတယ်။ ခြင်အပါအ၀င် ဘာကောင်မှမသတ်ဘူး။ လူကြီးတွေ ခြင်ဆေးဘူးယူခိုင်းရင်တောင် “ငါယူပေးတဲ့ ခြင်ဆေးကြောင့် ဘယ်ခြင်မှမသေပါစေနဲ့”လို့ ဆုတောင်းရင်းယူပေးတာ..(ကပ်ကြွားသွားတာ :P) ခိုးတာကလည်း ငယ်ငယ်က အစ်ကို့ဟာတွေယူဖူးတယ်.. မသိအောင်(အဲဒါလည်း ခိုးတာပေါ့) ကျန်တဲ့နှစ်ပါးတော့ မွေးကတည်းကလုံတယ်.. (ကြွားတာများသွားပြီနဲ့တူတယ်.. :D)

    ReplyDelete
  3. ခုမှတွေ့တယ်.. စောင့်တည်ဟုတ်ဘူးရှင့် ဆောက်တည်လို့ရေးရပါတယ်... ဆရာလုပ်တာဟုတ်ဘူးနော်...

    ReplyDelete