စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Friday, October 2, 2009

အလွမ်းငှက်

ချစ်သူ အလွမ်းများစွာနဲ့
လွမ်းပြီးရင်းလွမ်းလို့
ကိုယ့်ရဲ့ အသိုက်အမြုံကနေ
ပျံဖို့အင်အားတောင် မရှိပါဘူး။

လေပြေညှင်းနဲ့ ပါလာတဲ့
မင်းရဲ့ အသံသဲ့သဲ့လေးတွေကို
ကြားယောင်မိနေသလိုပါပဲ။

မင်းဘယ်ကိုရောက်နေလည်း
စာမျက်နှာ တစ်ဆယ့်ငါးကို
အခါခါဆိုညဉ်းလို့
ငါ့ရဲ့ အိပ်ပျက်ညတွေလည်း
များခဲ့ပြီလေ။

အလွမ်းဆိုတဲ့ သစ်ပင်
အလွမ်းဆိုတဲ့ ကောင်းကင်
အလွမ်းဆိုတဲ့ လေပြေ
အားလုံးနဲ့ အတူ
အလွမ်းငှက်ဆိုတဲ့ ကိုယ်တစ်ယောက်
သခင့်လက်တွင်း သက်ဆင်းဖို့
စောင့်မျှော်လို့ ပေါ့......

လင်းငယ်

3 comments:

  1. ကဗျာလေး ကောင်းတယ် ... စာမျက်နှာ ၁၅...က အခါခါ ညဉ်းချင်လောက်အောင် ကောင်းတယ်..နော ..

    ReplyDelete
  2. အယ်..ဆိုးပီ...ဘယ်တုန်းတည်းက လွမ်းနေတာလဲမသိ..
    ဟိဟိ....

    ReplyDelete
  3. ကဗျာလေး မဆိုးဘူးဗျ ။

    ကောင်းတယ်။ သက်ဝင်တယ်။

    ReplyDelete