စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Wednesday, October 28, 2009

အွန်လိုင်း စာပေလောက

ခင်မင်ရင်းနှီး ငယ်ငယ်တည်းက တစ်လမ်းထဲမှာ တူတူနေ၊ တူတူကစား၊ တူတူ ပွားခဲ့ကြသော(ကောင်မလေးများ အကြောင်းဖြစ်၏) အစ်ကိုဘော်ဒါကြီး ဥက္ကဌခေါ် ကိုဘကြိုင်(ချဉ်ပေါင်ခြံ)က သူရေးထားတဲ့ အွန်လိုင်း စာပေလောကဆိုတဲ့ နာမည်နဲ့ တဂ်ကောဗျာ။ အဲ့ဒီမှာ စကွိုင်တာပဲ ကိုကလည်း တဂ်ဆိုရင် တတ်ချင်သလိုလိုရယ်။ အစ်မ လင်းကြယ်စင် တဂ်ထားတဲ့ အကြောင်းအရာတောင် မရေးတတ်လို ဟိုလိုဒီလိုလိုနဲ့ မရေးဖြစ်ဘူး။ အခုများတော့လည်း ကိုဘကြိုင်ရဲ့ ခေါင်းစဉ်လေးက ရေးချင်စရာကောင်းတာရယ်။ ကိုယ်ကလည်း ရေးစရာမရှိဖြစ်နေတာရယ်(နောက်တာနော်) နဲ့ပဲ ရေးပြီပေါ့။

အွန်လိုင်းပေါ်တွင် လူတွေ တစ်ယောက်နဲ့ တစ်ယောက် မသိပဲလည်း စကားတွေပြော အသိမိတ်ဆွေတွေဖွဲ့ ဒါနဲ့ပဲ သူငယ်ချင်းတွေ ဖြစ်သွားကြတာတွေ အများကြီးပေါ့လေ။ ထို့ပြင်တ၀ နောက်ပိုင်းကျတော့ အွန်လိုင်း ဘလော့ဂါများ ကိုကျွန်တော် တွေ့ရှိသွားသည်ပေါ့လေ။ အစကတော့ ဘာရယ်မဟုတ် စာအုပ်တွေ ဖတ်နေကျ လူတစ်ယောက်အနေနဲ့ စာတွေ မဖတ်ရတော့ ပြောရရင် စာလွမ်းဖျားလွမ်းနာကျလာတာပေါ့။ ဒီလိုနဲ့ အင်တာနက်ထဲဝင် ဟိုရှာ သည်ရှာနဲ့ မြန်မာဘလော့ တွေကစတွေ့တော့တာပဲ။ ကျွန်တော့်အတွက်တော့ ရေကန်အသင့် ကြာအသင့်ပေါ့။ ပျင်းလာရင် စာလေးတွေ ဖတ်ပြီး အပျင်းဖြေလိုက်။ ဗဟုသုတရစရာတွေ၊ ဟာသတွေ ဇာတ်လမ်းလေးတွေ စသည့်ဖြင့်ပေါ့ဗျာ စုံလို့ပါပဲ။ တဖြည်းဖြည်းနဲ့ အွန်လိုင်းကနေ ဘလော့ လည်ရခြင်းကို နှစ်သက်လာခဲ့ရော။ ဘာကြောင့်တုန်းဆိုရင်တော့ အကြောင်းပြချက်က ဗဟုသုတလည်းတိုး အပျင်းလည်းပြေတာကြောင့်လို့ပဲ ပြောရမှာပဲ။ ခေတ်ကြီးကတိုးတတ်လာတာနဲ့ အမျှ နည်းပညာတွေကလည်း မြင့်မားလာတော့ အရင်က ဆိုစာအုပ်ဖတ်မှ စာဆိုတာကို ဖတ်နိုင်ပေမယ့် အခုတော့ အင်တာနက်ထဲကနေပဲ ဖတ်လိုရနေပြီကော။ ဒါ့အပြင် အရင်က စာရေးတာ ၀ါသနာပါပေမဲ့ ချရေးဖို့ကို ၀န်လေး တချို့လည်း ကိုယ်ဖန်တီးထားတာလေးကို သူများတွေရဲ့ မနာလို လှောင်ပြောင်တာတွေကို ခံရမှာ ကြောက်တာနဲ့ပဲ မရေးဖြစ်ပဲ နေခဲ့ရာကနေ အခုများတော့ အင်တာနက်နဲ့ ဘလောဂါ ဒေါ့ကွန်းမှာ အကောင့်လေးဖွင့်လို့ အဆင့်သင့် ရေးသားရုံပေါ့။ တော်တော်များများကတော့ ပြောကြပါတယ်။ ဘလော့လေးရေးတော့ ဘာရယ်မဟုတ်ဘူး စိတ်ထွက်ပေါက်လေးရတာပေါ့တဲ့။ ဟုတ်ပါတယ် တစ်ခါတစ်လေမှာ ပါးစပ်ကနေ ထုတ်ပြောပြလို့ မရတဲ့ ခံစားချက်တချို့ကို စာသားတွေ အဖြစ်ပြောင်းလဲရေးပြခြင်းနဲ့ ကိုယ့်ရဲ့ ခံစားချက် မွမ်းကျပ်မှုတွေကို ဖြေဖျောက်နိုင်တာကိုး။ ကျွန်တော်ဆိုလည်း သူများ ဘလော့တွေ လိုက်ဖတ်လိုက်လေ့လာ ဒီလိုမျိုးလုပ်ရင်းနဲ့ ကြာတော့ ကိုယ်လည်း သူတို့လို ရေးချင်းစိတ်လေးတွေ တဖွားဖွားပေါ့လေ ပေါ်လာပါလေရော။ ဒီလိုနဲ့ ဘလော့လေးတစ်ခုလုပ်(သူငယ်ချင်း ကောင်မလေးတစ်ယောက်ကို ကျေးဇူးတင်ရမှာပါ သူသင်ပေးလို့ ဘလော့ဘယ်လို ပြုလုပ်တယ်ဆိုတာ သိခဲ့ရတာကိုး) ကိုယ့်ရဲ့ ခံစားချက်လေးတွေကို ရေး။ အစကတော့ တော်တော်လေးကို ၀မ်းနည်းရသေးတယ်။ ကိုယ်ကတော့ ရေးတင်လို့ ဒါပေမယ့် လာဖတ်သည့် သူက နတ္ထိ ကြာတော့ တွေးတောင်တွေးမိတယ် ငါရေးတင်နေတာ ဖတ်တဲ့ လူလည်း မရှိပဲနဲ့ ဘာလို့ ရေးနေမှန်းတောင် မသိတော့ဘူးလို့ရယ်လေ။ ဒါပေမဲ့ တဖြည်းဖြည်း ဘလော့တွေ လျှောက်လည် ကိုယ့်ရဲ့ ဘလော့လိပ်စာလေးကို ချန်ခဲ့ သူတို့က ပြန်လာလည် ပြီးတော့ မန့်ခဲ့တာလေးတွေ တွေ့ ပျော်ရတာပေါ့လေ။ တစ်နေ့တစ်နေ့ အားတိုင်း ဘလော့လေးကို ၀င်ကြည့်ပြီး ဘယ်သူများ လာပြီး လည်သွားခဲ့သလည်း ရယ်လို့ အခါခါကြည့်လို့ လာလည်သွားသူရှိလို့ကတော့ ပျော်လိုက်တာလေ။ တကယ်ပါ ပထမဆုံး မန့်ခဲ့တာကို တွေ့တုန်းကဆို ရင်ထဲမှာအတိုင်းအထက်အလွန်ပဲ ပျော်ပုံများပြောပါတယ်။ ငါ့ရေးတဲ့စာ ဖတ်တဲ့လူရှိပြီရယ်လို့။ ဒါနဲ့ပဲ တဖြည်းဖြည်း ရေးဖို့ကို အားတတ်လာတယ်။ တစ်ယောက် မန့်ရင် တစ်ခါအားတတ်နဲ့ ဒါကြောင့် ကျွန်တော့် ဘလော့မှာတောင်ရေးထားသေး သင်၏ကွန်းမန့်တစ်ခုသည် ကျွန်တော့်အား စာများပိုမိုရေးဖြစ်ရန် အားဖြစ်စေပါသည်လို့။ ဘလော့တစ်ခုကိုရေးတာဆိုတာလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်ညစ်စရာ ပျော်စရာ အသိပညာ စတာတွေကို လူအများနဲ့ မျှဝေခံစား နိုင်ဖို့ သူများရဲ့ စိတ်ညစ်စရာ ပျော်စရာ အသိပညာတွေကိုလည်း ကိုယ်က မျှဝေခံစားပေးဖို့ အတွက် အဓိကပါပဲ။ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အွန်လိုင်းစာပေ လောကဟာ လူငယ်တွေ အတွက်ရော လူကြီးတွေ အတွက်ရော ရပ်ဝေးရောက်နေသူရော ရပ်နီးမှာ နေသူရော ကိုယ့်ရဲ့ အသိပညာ ပျော်စရာ ၀မ်းနည်းစရာ စတာတွေကို တစ်ယောက်နဲ့ တစ်ယောက် မျှဝေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ စာပေလောကမှာ ထုတ်ဝေသူလိုအပ်သလို အွန်လိုင်းစာပေလောကမှာလည်း တစ်ယောက်နဲ့ တစ်ယောက်အားပေးကူညီမှုက လိုအပ်နေဦးမှာပါ။ လူသစ်ကို ကြိုဆိုလို့ လူဟောင်းချင်းချင်း ခင်မင်ရင်းနှီးပြီး ပျော်ရွှင်စရာ ပိုမိုကောင်းမွန်တဲ့ အွန်လိုင်းစာပေလောကလေး ဖြစ်အောင် အားလုံးပဲ ၀ိုင်းဝန်းကြိုးစားလိုက်စို့ရဲ့...............

လင်းငယ်

9 comments:

  1. ကောင်းတယ်အငယ်လေးရေ မင်းအမြင်လေးကြိုက်တယ်
    မအားတဲ့ကြားက ဝိုင်းဆွေးနွေးပေးလို့
း) စာလဲကြိုးစား
း)

    ReplyDelete
  2. လင်းငယ်ရေ ...
    စာကို Run Threw ဖတ်လိုက်တယ် ... ပြီး နာ့မောင်လေး အားတက်အောင်လို့ စာတွေ အများကြီးရေးဖြစ်အောင်လို့ အမြန်ကြီး ၀င်မန့်ပစ်လိုက်တယ် .. နောက်တစ်ခေါက် စာသေချာ ဖတ်လိုက်အုံးမယ် ..

    ReplyDelete
  3. အဟက် နံပါတ် (၃) ပြန်ယူပြီး ၀င်မန့်ပါတယ် ... များများရေးရင် များများမန့်မယ် .. ဒါပဲ ...
    လင်းငယ်ရေ ...
    ဘာမှ အားမငယ်နဲ့ .. အဓိက ကိုယ့်စိတ်ထွက်ပေါက်ကလေးတွေ ခြေချခွင့်ရနေတာပဲ ဟုတ်လှပြီ ... ပြီးတော့ လင်းတို့ ခံစားချက်တူ ဘလော့ဂ်ဂါ မောင်နှမလေးတွေ ရထားတာပဲ ... အရမ်းဖြူစင်ပြီး တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီကြတဲ့ ဘလော့ဂ်ဂါ မောင်နှမ လေးတွေ ရလို့ လင်းကတော့ အတိုင်းမသိ ကြည်နူးမိတယ် ... ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဘာပဲလုပ်လုပ် စုန်းပြူး ဆိုတာ ရှိစမြဲပဲလေ ... အဲဒါတွေကို တွေးနေစရာ မလိုပါဘူး ... အဓိက ကိုယ်လျှောက်တဲ့ လမ်းမှန်ဖို့ပဲ အရေးကြီးတာ ... အများကြီး မစဉ်းစားနဲ့နော် ... ခုတော့ စာတွေရေးအုံး ... နောက်မှ ဘုန်းကြီးဝတ် ... ပစ္စည်းလေးပါး ဒကာခံမဲ့ အစ်မကြီး တစ်ယောက်လုံး ရှိတယ် ... စိတ်မပူနဲ့ ..ဟုတ်ပြီလား..
    ဟင်းးးးးးး
    ပျောက်နေတော့ ဘယ်ရမလဲ ဒီပေါ်မှာပဲ ပြောချင်တာတွေ မန့်တာနဲ့ ဆိုင် မဆိုင် မသိဘူး .. ရေးပစ်ခဲ့ပြီ ..

    ReplyDelete
  4. အော်..မေ့သွားလို့..
    မကျေနပ်ဘူးဟေ့ ..
    လင်း တဂ် တာကျရေးဘူး ... နာလိုဘူး ...မောင်ဘကြိုင်ကို သွားမေးမယ် ... ဘာတွေ ၀ယ်ကျွေးလို့ ဒီလို မျက်နှာလိုက်တာလဲ ဆိုတာ ...

    ReplyDelete
  5. တဂ်ပို့လေး လာဖတ်သွားတာ....
    လင်းငယ်ရေးထားတာလည်း ကောင်းတာပဲ....
    ပညာယူသွားတယ်....

    ReplyDelete
  6. မသိဘဲလည်း
    ဘာကြောင့်တုံး
    မရေးဖြစ်ဘဲ
    မွန်းကျပ်
    ရေးချင်စိတ်
    မရှိဘဲ
    လည်းသွားခဲ့သလဲ
    အားတက်

    အီး ပြင်ဆိုလို့ ပြင်သွားပြီနော်.. နောက်မှ လာချောင်းမရိုက်နဲ့...

    ReplyDelete
  7. အမှန်တော့ ဒီဟာကို ဘယ်လိုရေးရင်ကောင်းမလဲမသိသေးလို့ သူများရေးထားတာတွေ လိုက်ဖတ်နေတာ..

    ReplyDelete
  8. ဘလော့ဂါသူငယ်ချင်းများအားလုံး ဘလော့ဂင်းရင်း ဗဟုသုတ အသိပညာတွေ တိုးပွါးကြပါစေလို့......

    ReplyDelete
  9. လာဖတ်သွားတယ်..လင်းငယ်ရေ..
    ရွှင်လမ်းချမ်းမြေ့ပါစေ...

    ReplyDelete