စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........
Wednesday, October 14, 2009
လင်းငယ် ပျောက်နေပါသည်...
အခုတလော ကျွန်တော့်ကို တော်တော်များများက မေးကြတယ် ပျောက်လှချေလားတဲ့။ ဘာတွေလုပ်လို့ ဘယ်တွေသွားနေလည်းပေါ့လေ။ (ဘယ်ဆီကိုမင်းရောက်နေလည်း ဘာတွေကို မင်းလုပ်နေလည်း လို့တောင် သီချင်းလေးတွေ ဟစ်နေမလားပဲ.. ဟီးဟီး နောက်တာ)။ အဓိကကတော့ မမလင်းပေါ့နော်။(သူ့ကို အစ်မလို့ ခေါ်တာမကြိုက်ဘူးတဲ့ ဒါပေမယ့် ခေါ်လိုက်ပြီ)။ အွန်လိုင်းမှာတွေ့တော့ ဘယ်တွေပျောက်တဲ့။ ဟုတ်ကဲ့ ပျောက်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ ဆိုတဲ့ စာအုပ်ကို ဖတ်နေလို့ပါ။ ဒီစာအုပ်ကို ဖတ်တာလည်း ဟိုတစ်ပျက် ဒီတစ်ပျက်နဲ့ မပြီးနိုင်ဖြစ်နေရော။ ဒါနဲ့ သေချာလေး အချိန်ယူပြီး ဖတ်ရင်းနဲ့ ဗုဒ္ဓဘာသာရဲ့ ထူးခြားအံ့သြဖွယ် ကောင်းမှု၊ နောက်ပြီး ကြည်ညိုလေးစားဖို့ကောင်းတဲ့ အရိယာသူတောင်ကောင်းကြီးတွေ အကြောင်း၊ သာသနာကို အထောက်အပံ့တွေပေးသွားခဲ့တဲ့ မင်းကောင်းမင်းမြတ်တွေ အကြောင်း စသည်ဖြင့်ပေါ့လေ ဒါတွေကို ဖတ်မိပြီး အရမ်းကို ပီတိဖြစ်နေတယ်။ ဒါနဲ့ ဆက်ဖတ်နေတုန်းပါပဲ။ ဒီလို ဆက်ပြီး ဖတ်နေတုန်း စိတ်ထဲမှာ သြော် လူတော်တော်များများ လည်းဖတ်ဖူးချင်မှာဖတ်ဖူးမယ်။(ဘာကြောင့်လည်းဆိုတော့ စာအုပ်ကတော်တော်လေး ထူပါတယ်။ စာဖတ်ပျင်းတဲ့လူဆို ဖတ်ဖို့ မလွယ်ပါဘူး။)။ နောက်ပြီး တစ်ချို့လည်း ဖတ်ချင်နေတဲ့လူတွေရှိမယ်။ ဒါတွေကို တွေးမိလို့ အရင်ဆုံး ကြော်ငြာလေးတော့ ငါ့ဘလော့မှာ ၀င်ထိုးလိုက်ဦးမှဆိုပြီး တွေးမိတာနဲ့ ကွန်ပြူတာလေးကို ဖွင့်ပြီး အခုဒီစာလေးကိုရေးဖြစ်သွားရော။ ကျွန်တော် အခုဖတ်နေတဲ့ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများဆိုတဲ့ စာအုပ်ကို ဖတ်ပြီး ရင်အဲ့ဒီထဲက ကြည်ညိုဖွယ်ကောင်းတဲ့ အရိယာသူတော်ကောင်းကြီးတွေရဲ့ အကြောင်း။ ဗုဒ္ဓဘာသာ ရဲ့ အံ့သြဖွယ်ကောင်းမှု စတာတွေကို ပို့စ် အနေနဲ့ ရေးပြီးတင်ပါမယ်။ ကျွန်တော့်ရဲ့ ဘော်ဘော်များ အားလုံး စောင့်ပြီး ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ပဲ.....
လင်းငယ်
5 comments:
  1. ဟုတ်ကဲ့ အခုလို ပြန်လည်မျှဝေပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ စောင့်မျှော်ဖတ်ရှု အားပေးပါ့မယ် ကျေးဇူးအထူးတင်လျက်
    ReplyDelete
  2. အစ်ကိုကြီး လင်းငယ် ကတော့ လုပ်ချလိုက်ပြန်ပြီ...
    နာလဲ ပြန်ခေါ်မှာပဲ ..ဘယ်ရမလဲ .. အဟဲ .. အလကားစတာပါ...အဲဒါတွေက ပညတ်ချက်တွေပါ ... ခန္ဓာငါးပါး ၊ရုပ် ၊နာမ် နှစ်ပါးပဲ ရှိတာ နာသိပါတယ် ..ဘယ်လိုခေါ်ခေါ် အချိန်တန်ရင် သွားရမဲ့လမ်းက ရွေးလို့ ရတာမှ မဟုတ်တာ ..ရွေးနေတော့ပါဘူး ..နော.. မျှဝေမှာလေးလဲ စောင့်နေမယ် ...(ရှင်းရှင်းလင်းလင်းတော့ ရေးနော် ..ဒါပဲ ..မရှင်းရင်မဖတ်ဘူး..)
    ReplyDelete
  3. ;)အဲဒီစာအုပ်ဖတ်ချင်တယ်အငယ်လေး
    ဘယ်မှာဒေါင်းရမှာလဲ
    ပြောအုံးလေ
း)
    ReplyDelete
  4. စောင့်နေမယ်ဗျာ။မြန်မြန်သာရေးတင်ဗျာ။
    ReplyDelete
  5. ဖတ်ဖို့စောင့်နေပါတယ်။
    ReplyDelete