စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Sunday, August 23, 2009

PR တစ်ကောင်၏ရင်တွင်းဖြစ်

အချိန်က ၂၀၀၆ ခုနှစ်ရဲ့ ဇန်န၀ါရီလ.. အဖေကဖုန်းဆက်ပြီး PR ရပြီတဲ့.. စင်ကာပူကို ဧပရယ် လအမှလာခဲ့ပါတဲ့။ အဲ့ဒီအချိန်က ဆယ်တန်းဖြေမယ့်နှစ်... ဧပရယ်ဆိုရင် စာမေးပွဲကပြီးပြီဆိုတော့ ပြီးတာနဲ့ တမ်းထွက်ရမယ်ဆိုပြီး ပျော်လို့ပေါ့။ ဆယ်တန်းလည်း ဖြေသာဖြေတာ သူများတွေအသားကုန်စာကျက်နေတဲ့ အချိန်မှာ ကိုယ်က လက်ဖက်ရည်ဆိုင်ထိုင်လိုက် အိမ်မှာဆရာမတွေလာသင် ခါနီးဆိုပြန်လာလိုက်နဲ့ ပြီးရင် ကျောင်းသွားလိုက် ဒါနဲ့ ဟန်ကိုကျလို့...... စာမေးပွဲဖြေဖို့ ၂ လလောက်အလိုလောက်မှ စာနည်းနည်းပါးပါးကြည့်တာ... နောက်ဖြေတော့လည်း သူများတွေက စာအုပ်နဲ့မျက်နှာမခွာတမ်း မဖြေခင်အချိန်ထိ ကြည့်နေတဲ့ အချိန် ကိုယ်ကတော့ သူငယ်ချင်းနှစ်ကောင်နဲ့ ကိုယ့်ကားပေါ်မှာ လေပေါနေတာ... အမေကတော့ မျက်စောင်းတထိုးထိုးနဲ့ ဖြေပြီးထွက်လာလို့ အမေက ဖြေနိုင်လားမေးရင်လည်း အင်း အောင်မယ်တော့ ထင်ရတာပဲလို့ ပြောပြီး နေတော့.. အမေကလည်း စိတ်တွေပူ.. အောင်စာရင်းထွက်တော့ ဂုဏ်ထူးတစ်ခုပါတယ်ဆိုတော့ အမေ က မဖြစ်နိုင်တာဆိုပြီး ပြောသေးတာ....။ အဲ စကားတွေက လွဲကုန်ပြီ... ဆယ်တန်းကို ဖြေပြီးတော့ နောက်တနေ့ မနက်ပိုင်း Flight နဲ့ Singapore ကိုရောက်ရော။ IC Collect လုပ်ဖို့ပေါ့လေ။ လေယာဉ် ပေါ်ကနေ ဆင်းလိုက်တာနဲ့ လေယာဉ်ကွင်းကြီးကို ကြည့်ပြီး သဘောတွေကျလို့ ပြီးတော့ Taxi နဲ့ အိမ်ကိုခေါ်လာတော့လည်း လမ်းတွေကို ကြည့်ပြီးသဘောတွေကျလို့။ IC Collect လုပ်ပြီးတော့ လည်း အဖေ့ကိုပြောသေးတာ စလုံး နိုင်ငံသားပြောင်းမယ်ဆိုပြီးတော့ပေါ့။ စလုံးမှာ ၂ လလောက်နေပြီးတော့ အမေနဲ့ကိုယ့်နဲ့ နှစ်ယောက်တည်းပြန်သွားခဲ့တယ်... ရန်ကုန်ရောက်တော့ လည်း ပျော်တာပဲ.. ကိုယ်ကလွတ်လွတ်လပ်လပ် နေတတ်ခဲ့တဲ့လူဆိုတော့ ရန်ကုန်က ကိုယ့်အတွက် အဆင်အပြေဆုံးပဲ.... ရန်ကုန်မှာ အောင်စရင်းထွက်တာစောင့် ပြီးတော့ စလုံးပြန်။ စလုံးပြန်ရောက်စကတော့ ပျော်သလိုလိုခံစားရသေးတယ်... နေလာတာ ၆ လလောက်လည်း ကြာရော လူက တဖြည်းဖြည်းနဲ့ စိတ်ကုန်လာတယ်.. ရန်ကုန်တမြို့စာလောက်မရှိတဲ့ စလုံးနိုင်ငံသေးသေးလေး.. ပြီးတော့ ကိုယ်က သဘာဝကိုမြတ်နိုးတယ် ခရီးထွက်ရတာကို ကြိုက်တယ်.. စလုံးက တစ်မြို့လုံးပတ် အလွန်ဆုံး ၂ နာရီပဲ.. ကဲ ကိုယ်လိုလူ ဘယ်ပျော်လိမ့်မလည်း... စဉ်းစားသာကြည့်။ အရင်က စလုံးပြောင်းမယ်ဆိုတော့ ရည်ရွယ်ချက်တွေ အခုလာမေးရင် မေးတဲ့လူကို ပါဆွဲပြီးရိုက်ပစ်လိုက်ချင်တာ။ အခုချိန်များ မြန်မာပြည်အပြီး ပြန်နေလို့ ရမယ်ဆိုလို့ ကတော့ ချက်ချင်းကိုထပြေးမှာ.. သူဟာသူ မြန်မာပြည်ဘာဖြစ်နေနေ။ မြန်မာပြည်မှာ မွေးလာတဲ့ လူတစ်ယောက် ပြီးတော့ မြန်မာပြည်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက် မြန်မာပြည်ရဲ့ အငွေ့အသက်ကို မြတ်နိုးတဲ့ လူတစ်ယောက် ဘယ်လိုမှ ဒီနိုင်ငံမှာ နေလို့ မပျော်တာမထူးဆန်းပါဘူး။ သူငယ်ချင်းထဲက တချို့တွေစလုံးပြောင်းလိုက်ကြတယ်။ သူတို့ကတော့ ပျော်ပျော်ပဲ။ ကိုယ်ကတော့ သူတို့ကိုကြည့်လို့ ရင်လေးတယ်။ တွေးကြည့်လေ စလုံးလို ဘာအရင်းအမြစ်မှမရှိတဲ့နိုင်ငံ နောက်ပြီး ကိုယ့်ရဲ့ ဆွေးမျိုးတွေမရှိတဲ့ နိုင်ငံမှာ အသက်ကြီးလာရင်ဘယ်လိုနေမလည်း... နောက်ထပ်နောက်ထပ် အကြောင်းတွေတော့ အများကြီးပေါ့လေ။ ကိုယ်ကတော့ လုံးဝကို ဆုံးဖြတ်လိုက်တာပါ။ စလုံးပြောင်းရင် သန်း ၂၀ ပေးမယ်ဆိုရင်တောင် မပြောင်းတော့ဘူးလို့။ အခုချိန်မှာ မြန်မာပြည် ပြန်မယ်ဆိုရင်တောင် မှပဲ ကိုယ်တွေရဲ့ ပီအာကောင် ဘ၀က မလွတ်မလပ်နဲ့ NS ဆိုတဲ့ ဟာကြီးက ၂ နှစ် လုပ်ပေးရမယ်.. ပြီးရင် ကျောင်းတတ်တော့ ထိုးထားရတဲ့ Bond က သုံးနှစ်လုပ်ပေးရဦးမယ်... ပြီးရော ဒီတစ်သက် ပြန်နိုင်ပါ့မလားတောင်မသိ။ စဉ်းစားမိတာကတော့ PR များမရခဲ့ရင် ဘယ်လောက်ကောင်းမလည်းလို့ နောက်ပြီး အဲ့ဒီလို တွေးမိတိုင်း လူတစ်စုကို မုန်းမုန်းမိတယ်။ သူတို့လေ သူတို့ပေါ့........

Peace
လင်း

2 comments:

  1. ကိုယ်နိုင်ငံမှာနေရတာလောက်လွတ်လပ်ပျော်ရွှင်ပေါ့ပါးတာ
    ဘယ်နေရာမှာမှမရှိပါဘူးလင်းကလေးရေ။အကြောင်းကြောင်း
    ကြောင့်အိမ်မပြန်နိုင်ကြပေမဲ့အမြဲလွမ်းဆွတ်တမ်းတပြီးအိမ်ပြန်
    ချိန်ကိုမျှော်လင့်နေကြတာပါ။

    ReplyDelete
  2. ဟုတ်ပါ့ ... လင်း ပြောတဲ့အတိုင်းပဲ၊ စင်ကာပူက တော်တော် ကျဉ်းတယ်။ အမျိုးတွေလာလို့ တစ်ပတ်လောက်ကြာရင် ပြစရာနေရာ မကျန်တော့ဘူး။

    နောက်ပြီးတော့ စနေ၊ တနင်္ဂနွေဆိုရင်လည်း လည်စရာ ပတ်စရာ နေရာ အသစ် မရှိဘူး။

    ReplyDelete