စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Thursday, July 30, 2009

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၁)

အင်းယားရဲ့ခုံတန်းလေးပေါ်မှာ ကောင်လေး တစ်ယောက် အဝေးတစ်နေရာကို ကြည့်ပြီး ငိုင်နေတယ်။
သေချာကြည့်မယ်ဆိုရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာ မျည်ရည်တွေ တွဲခိုနေတာကို အထင်းသား မြင်ရလိမ့်မယ်။
သူ့ကို ကြည့်ရတာ စိတ်နဲ့ လူနဲ့မကပ်သလိုပါပဲ။ ပါးစပ်ကလည်း `ဘာကြောင့်လည်း၊ ဘာကြောင့်လည်း´ ဆိုပြီး တစ်ယောက်တည်းရေရွတ်နေတယ်။

ဇာတ်လမ်းရဲ့ အစကတော့.......................

ဒီနေ့သင်တန်းရဲ့ ပထမရက်ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်း တစ်ဖွဲ့စောစော စီးစီး လာပြီး ထိုင်နေမိကြတယ်။
သင်တန်းကို ရောက်လာတဲ့ လူတွေကို လိုက်ကြည့် ပြီး အလုပ်မရှိအလုပ်ရှာလို့ ဟိုပြောဒီပြောနဲ့ နေနေကြတယ်။
သင်တန်းကလည်း မစသေး သင်တန်းသား၊ သင်တန်းသူ တွေကတော့ တဖွဲဖွဲ ထပ်ထပ်ပြီး ရောက်လာနေတယ်။
အဲ့ဒီအချိန်မှာ မျက်ဝန်းရဲ့ ထောင့်လေးမှာ အလှလေးတစ်ပါး ခုန်ပေါက်ဝင်ရောက် လာတယ်။ အေးချမ်းပါတယ်၊ သိမ်မွေ့ပါတယ်၊ ညင်သာပါတယ်။ ဒီနေ့ခေတ်မှာတွေ့ရခဲတဲ့ ထမိန်နဲ့ ရင်ဖုန်း အင်္ကျီလေးကိုဝတ်ပြီး တစ်လှမ်းချင်း အိနြေ္ဒရရ လျှောက်ပြီး သင်တန်းထဲကိုဝင်လာတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က July လရဲ့ ရက်တွေထဲက မိုးဖွဲဖွဲလေးရွာနေတဲ့ ရက်တစ်ရက်ပေါ့။

ကျွန်တော်သူငယ်ချင်း တွေကိုပြောပြီး ကောင်မလေးရဲ့နာမည်ကို သိရဖို့ စုံစမ်းမှုတွေ လုပ်ရတော့တာပေါ့။
မကြာပါဘူးအားလုံးရဲ့ကူညီမှုနဲ့သူမနာမည်ကို သိခွင့်ရခဲ့တယ်။ သူမနာမည်က `မြတ်နိုး´ တဲ့။
ဟား... တကယ်ပဲမြတ်နိုးဖို့ ကောင်းပါတယ်။ သူမကို ကျွန်တော်ချစ်မိသွားပြီဆိုတာ ချက်ချင်းပဲသဘောပေါက်လိုက်မိပြီ။ ဒီတော့ ကျွန်တော် သူမရဲ့အချစ်ကို ရဖို့ ကြိုးစားရတော့မယ်။


ကျွန်တော် နေ့တိုင်းနီးပါး မြတ်နိုး ကိုစောင့်ကြည့်တယ်။ မျက်လုံးချင်းတွေဘာတွေ ဆုံတော့ ကျွန်တော် ဆယ်ကျော်သက်မဟုတ်တော့ပေမဲ့ ရင်ခုန်မိတယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာလည်း သံယောဇဉ်ရဲ့ အငွေ့အသက်တွေ မြင်နေရတယ်။ အိုကေပြီပေါ့။ ကျွန်တော်သူမကို ကြည့်နေတိုင်း သူမရဲ့ ဘေးကသူငယ်ချင်းတွေကလည်း ပြုံးပြီးသူမကို လှမ်းစနေတာကိုတွေရတော့ မျှော်လင့်ချက်ရှိတယ်ပေါ့ဆိုပြီး ကျွန်တော်သူမကို ဖွင့်ပြောဖို့ အစီအစဉ်ဆွဲတော့တယ်။



ဒီနေ့သင်တန်းပြီးတော့ မိုးတွေကရွာနေတယ် သည်းကြီးမည်းကြီးပါပဲ။ ဒီနေ့ရဲ့ သင်တန်းပြီးနောက် အစီအစဉ်တွေမှာ မြတ်နိုးကို ဖွင့်ပြောဖို့ အစီအစဉ်က ရှိတယ်။ ထီးကလည်း ပါမလာဘူး။ ကျွန်တော် ဘာပဲဖြစ်ဖြစ်ဆိုပြီး မိုးရေထဲမှာ သူမနောက်ကိုလိုက်ဖို့ထွက်သွားခဲ့တယ်။ သူမကတော့ ပုံမှန်အတိုင်း အိနြေ္ဒလေးနဲ့ လမ်းလေးလျှောက်လို့ မိုးရဲ့ဒဏ်ကို ထီးလေးနဲ့ ကာကွယ်ထားတယ်။ ကျွန်တော် မိုးရေထဲကနေပဲ သူမနောက်ကို အသည်းအသန်ပြေးလိုက်သွားပြီး သူမနာမည်ကို အော်ခေါ်လိုက်တယ်။ ကျွန်တော်ရဲ့ ရုတ်တရတ် ပြေးလိုက်ပြီး သူမကိုခေါ်လိုက်တဲ့ အသံကို ကြားတော့သူမ လန့်သွားသလို ကိုယ်လေးတစ်ချက်တုန်ပြီး ကျွန်တော့်ကိုလှည့်ကြည့်တယ်။ တကယ်ပါပဲ မျက်ဝန်းတွေကအပြစ်ကင်းပြီး အရမ်းကို စိတ်လှုပ်ရှားသွားတဲ့ပုံလေး။ ကျွန်တော်ကမြတ်နိုးကို...
"ကိုယ်ခေါ်လိုက်တဲ့အတွက်လန့်သွားရင် ဆောရီးပါဆိုတော့" သူမက
"ရပါတယ် ကိစ္စမရှိပါဘူး"
ဒါပေမဲ့သူရဲ့မျက်ဝန်းမှာ ကြောက်ရွံ့သွားခဲ့တဲ့ စိတ်ကို အထင်းသားမြင်နေရတုန်းပဲ။
"အရမ်းပဲလန့်သွားတယ် ထင်တယ်နော် တောင်းပန်ပါတယ်"
"ရပါတယ်"
"ကျွန်တော်လေ... ကျွန်တော်... အဲ မြတ်နိုးကို ပြောစရာရှိလို့ပါ"
"ရှင်!!! ပြောပါ။ ကျွန်မ ကိုမင်းမင်းကိုသင်တန်းကလူတစ်ယောက်အဖြစ်သိပါတယ်"
"ကျွန်တော်မြတ်နိုးကို ချစ်တယ်"
ကျွန်တော် ကြောက်အားလန့်အားနဲ့ တစ်ခါထဲ ပြောလိုက်တယ်။သူမလည်း ကြောင်သွားတယ်။ ဒီလိုမျိုး ပြောလိုက်လိမ့်မယ်လို့ မထင်လို့နေပါလိမ့်မယ်။သူမခေါင်းလေးကို ခါတယ်။ ပြီးတော့ သက်ပြင်းရှိုက်ပြီး
"ကျွန်မစိတ်မကောင်းပါဘူး၊ ၀မ်းလည်းနည်းပါတယ်၊ တစ်ခါထဲပဲ ပြောပါရစေ၊ ကျွန်မရှင့်ကို ပြန်မချစ်နိုင်ပါဘူး"
"မြတ်နိုးတကယ်ပဲလားဗျာ၊ မြတ်နိုးမှာ ချစ်ရမယ့်သူရှိလို့လား? "
"အဲ့ဒီလိုလည်းမဟုတ်ပါဘူး"
"ဒါဆိုရပါတယ်။ မြတ်နိုး ကိုယ့်ကို ပြန်လည်ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေ ကိုယ်ကတော့ချစ်တယ်။ မြတ်နိုးဆီက အချစ်ကိုရဖို့ ကြိုးစားသွားမှာပါ။ မြတ်နိုးပြန်ချစ်လာနိုင်သည်ထိစောင့်မယ်"

သူမပါးစပ်လေးဟလို့ ကျွန်တော့်ကို ကြောင်ကြည့်နေခဲ့တယ်။ ကျွန်တော်ပြောပြီးတာနဲ့ သွားတော့မယ် ဆိုပြီး အိမ်ပြန်ရာလမ်းကို လှည့်ထွက်ခဲ့တယ်။ ခေါင်းထဲမှာတော့ သူ့မျက်ဝန်းမှာသံယောဇဉ်ရိပ်တွေ ရှိရက်နဲ့ ငါ့ကို ဘာကြောင့် ချက်ချင်းကြီး ငြင်းရတာလည်းလို့ တွေးနေမိခဲ့တယ်။

အပိုင်း(၂)လာပါမည်။

Peace
လင်း

2 comments:

  1. intro လေး ဘာလေး မဝင်ပဲ ဝုန်းဒိုင်းကြီး ဆိုတော့း))

    ReplyDelete
  2. ဖြစ်တတ်ပါတယ်ကွာ....ရင်ခုန်တာကိုး
း)
    အားပေးသွားတယ်အငယ်လေးရေ

    ReplyDelete