စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Wednesday, October 7, 2009

အိုလူမိုက်

ခပ်ပုံကတော့ လက်ကုန်လို့ပဲပြောရမလား?
လမ်းဆုံမှာ ကမ်းကုန်အောင် မိုက်နေတဲ့ အိုလူမိုက်
ငွေလေးတစ်ပဲ နှစ်ပြား
ချမ်းသာရုံအတွက် မင်းရဲ့လက်ရှိဘ၀ကို မိုက်မဲမလို့လား?
ငွေဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးတဲ့
မင်းကြားဘူးမှာပေါ့…..

မင်းရဲ့လက်ရှိဘ၀ အခုတော့ မတရားမှုကြောင့်
အခုချမ်းသာနေပြီလေ…
ဒါပေမယ့် တွေးကြည့် တစ်ရက်လောက်များ တောင်
မင်းစိတ်ချမ်းသာခဲ့ရလား?

လူဆိုတာ ထမင်းနပ်မှန်ရင်
ဘ၀ကို ရောင့်ရဲနိုင်တာ အကောင်းဆုံးပေါ့…
မင်းရဲ့ အရင်တုန်းက ထမင်းနပ်မှန်တဲ့ဘ၀က
မင်းရွှေတွေငွေတွေ မရှိပေမယ့်
စာရိတ္တနဲ့ စိတ်ချမ်းသာမှုတွေ မင်းကြွယ်ဝခဲ့တယ်….

ခုတော့လည်း ရွှေငွေတွေကြွယ်ဝလို့
ပျော်ရွှင်ခြင်းကို ရှာမတွေ့တော့ လို့ ငြီးတွားမနေနဲ့တော့…
မင်းမသိလို့ပါ… မင်းရဲ့ စည်းစိမ်တွေက မင်းကိုလှောင်နေလေရဲ့
မင်းက မင်းပိုင်တယ်ထင်ပေမယ့် မင်းသေရင် သူတို့ဟာ
ဒီပြင်လူရဲ့ လက်ထဲရောက်သွားမှာပါတဲ့….
မသိတတ်တဲ့ ငမိုက်သားတော့ မတရားမှုနဲ့ ပျော်နေလေရဲ့တဲ့…

သိတက်ရင်တော့ ကြည့်ကျပ်သာနေတော့ပေါ့
မဟုတ်ရင်တော့ လမ်းဆုံးမှာ ငရဲက တဟဲဟဲနဲ့
ပါးစပ်ဖြဲလို့ မင်းအတွက်စောင့်နေမှာ ……(အိုလူမိုက်)

4 comments:

  1. မှတ်သားစရာလေးပါ...ငရဲတော့ကြောက်တယ်...
    လင်းငယ်က ရေးတတ်တယ်နော်..:))))))

    ReplyDelete
  2. ပညာသာပါတဲ့ ကဗျာလေးပဲဗျာ။ဒီလိုလူမိုက်မဖြစ်အောင် ရှောင်ကြဉ်ပါမယ်။:P

    ReplyDelete
  3. အားပေးသွားတယ်အငယ်လေး မနေ့ညကတည်းကဖတ်တာ မန့်လို့မရလို့
    ပြောချင်တာတွေတောင် မေ့ကုန်ပြီ
း)
    လူမိုက် ဆိုတာ ငါ့ကိုများပြောရောလေသလားကွယ်
း)

    ReplyDelete
  4. ကဗျာလေး အဓိပ္ပါယ် ကောင်းတယ်... ကဗျာတွေ ရေးပြီး ငြိမ့်နေတာပေါ့ ..ဟုတ်..

    ReplyDelete